⚙Differential

Check Engine Light
Engine lights are part of the car's Onboard Diagnostic (OBD) system. The car's computer system constantly monitors and controls the car's performance, such as speed (rpm), air / fuel ratio, ignition timing, and autotransmission shifting. If there is a problem with the monitoring system, it is remembered as a Trouble code and displayed with a signal light. Once the signal light is detected, the problem can be identified by the OBD fault detection system. OBD systems have been installed in California since 1966 to control car exhaust emissions. Later, more complex and detailed OBD II systems emerged in accordance with automotive regulations and emission standards.
အင်ဂျင်ချက်မီး ဆိုတာဟာ ကားရဲ့ Onboard Diagnostic (OBD) စနစ်မှ အစိတ်အပိုင်း တစ်ခုပါ။ ကားရဲ့ computer စနစ်ဟာ speed (rpm), Air/Fuel Ratio, Ignition timing, Autotransmission shifting စသည်ဖြင့် ကားစွမ်းဆောင်ရည်ကို အစဉ် တိုင်းတာပြီး ထိန်းကျောင်းပေးပါတယ်။ အဲ့ စောင့်ကြည့် ထိန်းကျောင်းတဲ့စနစ်မှာ ပြသနာ ဖြစ်တာနဲ့ Trouble code အဖြစ် memory မှတ်ထားကာ အချက်ပြမီး နဲ့ ပြပေးပါတယ်။ အချက်ပြမီး တွေ့တာနဲ့ OBD အပြစ်ရှာ စနစ်ဖြင့် ပြသနာကို အတိအကျသိရမှာဖြစ်ပါတယ်။ OBD စနစ်ဟာ California ကနေ car exhaust emission ကို ထိန်းချုပ်ရန် 1966 မှ စတင် တပ်ဆင် ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မော်တော်ယာဉ် ဆိုင်ရာ ပြဌာန်းချက်များ Emission standard များ အရ ပိုမိုရှုပ်ထွေးပြီး အသေးစိတ်တဲ့ OBD II စနစ် ပေါ်လာပါတယ်။
အင်ဂျင်ချက်မီးဟာ Vehicle emission system နဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။ Trouble code ခေါ် (Diagnostic code) ပြသနာ code တွေကိုတော့ Society of Automotive Engineer (SAE) အဖွဲ့က အမေရိကန် emission standard နဲ့ ညှိပြီး သတ်မှတ်ပါတယ်။ Code တွေကို အခြေခံအားဖြင့် ၄ မျိုးခွဲထားပါတယ်။ Power train (P), Body (B), Chassis (C) နဲ့ Communication (U) တို့ ဖြစ်ပါတယ်။ အဲ့ အက္ခရာ ၄ ခုနဲ့ စ ပြီး ကပ်လျက် ကဏန်း တွေမှာ 0 ဆိုရင် ယျေဘုရ (Global) ဖြစ်ပြီး 1 ဆိုရင် ကား company အလိုက်ဖြစ် ပါတယ်။ ဥပမာ အတွေ့များတဲ့ Engine misfire code ဆိုရင် P0300 ဖြစ်ပြီး EGR ပြသနာဆိုရင် P0401 ပါ။ ABS ပြသနာဆို C1201 (1 ဟာ Mitsubishi, စသည်ဖြင့်ပါ) အင်ဂျင် ချက်မီး Check Engine Light ကို ဆက်ရေးပါ့မယ်။
ကားပိုင်ရှင်များအနေနဲ့
ချက်မီးလင်းလာတဲ့အခါ သေချာတာကတော့ Work shop မှာ OBD II စက်နဲ့ trouble code
ရှာရပါမယ်။ အဖြေရ တော့မှသာ ပြုပြင်ရမယ့်အပိုင်းကို ဦးစားပေးအဆင့်နဲ့ ပြင်သွား
ရမှာပါ။ အင်ဂျင်ချက်မီး လင်းရာမှာ ယျေဘုရ အားဖြင့် ၂ မျိုးရှိပါမယ်။ ချက်မီး
မှိတ်တုတ် မှိတ်တုတ် လင်းတာ နဲ့ တစ်သတ်မှတ်တည်း လင်းနေတာပါ။ မှိတ်တုတ် မှိတ်တုတ်
ဟာ တစ်သတ်မှတ်ထဲ လင်းနေတာထက် ပြဿနာ ပိုကြီးလေ့ရှိပါတယ်။ တစ်သတ်မှတ်တည်း
လင်းနေတာကိုလည်း ပေါ့လို့တော့မရပါဘူး။ ယနေ့ ခေတ်ပေါ်ကား ကွန်ပျူတာတွေမှာက
ထိန်းချုပ်မှု စနစ်တွေပိုမို ကောင်းမွန်လာတော့ ပြဿနာ ပေါ်နေတဲ့ စနစ်တွေကိုလိုက်လံ
ဖြည့်ဆည်း ပေးခြင်းဖြင့် ချက်မီး လင်းလာသော်လည်း ကားရဲ့စွမ်းဆောင်ရည် သိသိ
သာသာမပြောင်းလဲ သွားတာတွေရှိပါတယ်။ တစ်ခါ တစ်လေလည်း ချက်မီးက တစ်နေ့လင်းလာလိုက်
နောက်နေ့ ပျောက်သွားလိုက်လည်း ရှိပါတယ်။ စက်ထိုးပြီး အဖြေရှာဖို့လိုပါတယ်။
ခရီးဝေးသွားနေရင်း ချက်မီးပေါ်လာရင် ပိုပြီး စိုးရိမ်တတ်ကြပါတယ်။
ဒါဆို အင်ဂျင်ချက်မီး ပေါ်လာရင် ဘယ်လို 'စ လုပ်မလဲ ဆိုတာလေး ရေးချင်ပါတယ်။
ကားမောင်းနေရင်း ချက်မီးလင်းလာရင် လမ်းဘေးဆင်း ကားရပ်ပြီး ပေါ်ပေါ်ထင်ထင် ဖြစ်နေတဲ့
အရာတွေအရင်ဆုံးရှာပါ။
ပထမဆုံး
အခြား အချက်ပြမီးတွေဖြစ်တဲ့အင်ဂျင်ဝိုင်မီး (အင်ဂျင်ဝိုင်ခန်းနေရင်ပြမယ်) နဲ့
အပူချိန်ပြမီး (မီတာတံနဲ့ ပြရင် မီတာကိုကြည့်) ။ အဲ့ မီး ၂ခုလုံး ပြရင်တော့ ကားကို
ရပ်နားမှ ရပါမယ်။ ဒုတိယကတော့ ချက်မီးလင်းပြီး အင်ဂျင်သံ ဆူညံ လာတာမျိုး ဆိုရင်လည်း
ပြသနာရှိပါတယ်။ ဆက်မမောင်းသင့်ပါ။ တတိယအနေနဲ့ ချက်မီးလင်း လာတာပဲရှိပြီး ကားက
ပုံမှန်ပဲ သွားနေတယ် ဆိုရင်တော့ ဆက်သွားလို့ရပါတယ်။ ဒါပေမယ့် မကြာခင်တော့
ပြင်ရပါမယ်။ အင်ဂျင်ချက်မီး လင်းလာရခြင်းရဲ့ အကြောင်းပြချက် အခြေခံ ၅ ခုရှိပါတယ်။
၁။ Oxygen sensor မကောင်းခြင်း။
၂။ Exhaust system မကောင်းခြင်း။
၃။ Spark plug and plug wire မကောင်းခြင်း။
၎။ MAF / MAP စတဲ့ လေလိုင်း ဆင်ဆာ မကောင်းခြင်း။
၅။ ဆီတိုင်ကီ အဖုံး ဟ နေခြင်း/ ကွဲနေခြင်း တို့ဖြစ်ပါတယ်။
အဆိုပါ ၅ ချက်လုံးဟာ emission control ကိုပဲ ဦးတည်ပါတယ်။ ဒါလောက်ဆို
အင်ဂျင်ချက်မီး လင်းလာရင် စစ်ဆေးစရာရှိတာစစ်ပြီး မောင်းလို့ ရရင်
ဆက်မောင်းရမှာဖြစ်သလို ရပ်ထားရ ရင်လည်း ရပ်ထားကာ workshop နှင့်ဆက်သွယ် ရပါမယ်။
ချက်မီးဘာကြောင့်လင်းရသလဲ ဆိုတာကတော့ OBD II စက်ထိုးပြီး စစ်ဆေးခြင်း သည်သာ
အဖြေမှန်ဖြစ်ပါကြောင်း။ ။
Credit Lin Htet (EEM)
Comments
Post a Comment